Tuesday 11 March 2008

မန်းရွှေစက်တော်သို့ အလည်တစ်ခေါက်

ရွှေစက်တော် ဘုရားပွဲက တပို့တွဲလဆန်း(၅)ရက်နေ့မှာ အထက်ခြေတော်ရာ ..အောက်ခြေတော်ရာ စတင်ဖွင့်ပြီး တန်ခူးလ သင်္ကြန်ပြီးတဲ့အထိ ဘုရားပွဲတော် ကျင်းပလေ့ရှိတာမို့ နွေပွဲတော်လို့ ခေါ်တာပေါ့။ခရီးသွားချင်သူများအတွက် တပို့တွဲလဆိုတာ မပူမီ သိပ်မအေးတော့ပြီ ဖြစ်လို့ ဆောင်းမပီတမီ နွေခါတော်မီမို့ ခရီးသွားရတာအကောင်းဆုံးလပါ....


အရင်ဆုံး ပုဂံကို ၀င်ခဲ့တယ် ....ည ၁၀း၃၀ လောက်ကတည်းက မန္တလေးမြို့ က ထွက်ခဲ့တယ်လေ
ပုဂံကို မနက် ၅နာရီကျော်ကျော်လောက်ရောက်ခဲ့တယ်...


ပုဂံက ရှေးဟောင်းဘုရားများကို ပြန်လည်ပြုပြင်မွမ်းမံတဲ့စေတီငယ်များကို လိုက်လံဖူးမြော်ခဲ့တယ်...


ရွှေစက်တော်ကို ညပိုင်းမှရောက်ရှိခဲ့တယ် ..ညပိုင်းရောက်တော့ဘယ်မှမသွားဖြစ်ဘူး..တစ်ညတာနားလိုက်ရတယ်
မနက်ပိုင်းရောက်တော့ ရွှေစက်တော်ရဲ့ခြေတော်ရာမှာ ဘုန်းဘုန်းများဆွမ်းခံကြွချီတော်မူလာတယ် ..
ထမင်းက ချက်ပြီးသားများကို လိုက်လံရောင်းချပေးသော ဈေးသည်များ နဲ့စည်ကားလျှက်ရှိတယ်...
ဘုန်းဘုန်းများ မနက် ၈ နာ၇ီတွင် ဆွမ်းခံကြွချီတော်မူလာသောအခါ စေတနာရှင်များက မိမိတတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် လှူဒါန်းကြတာကို တွေ့ရှိရပါတယ် ..ဈေးသည်များကလည်းသူ့ထက်ငါအလုအယက်ရောင်းချနေကြတယ်...


မနက်စာစားသောက်ပြီး အထက်စက်တော်ရာသို့ရောက်ရှိခဲ့ပါတယ် ...ခြေတော်ရာသို့ မိန်းကလေးများဝင်ရောက်လို့မရတာကြောင့် အပြင်ဘက်ကပဲဖူးမြော်ခဲ့ရပါတယ် ....


ဘုရားသို့ ဆွမ်းပန်း သစ်သီးများ လှူဒါန်းပူဇော်ခဲ့တယ် ...

ဒီပုံလေးကတော့ ခနတာတည်းခိုလို့ရတဲ့ အဆောင်ငယ်လေးများဖြစ်ပါတယ်
ပွဲတော်ပြီးတာနဲ့ ပြန်လည်ဖျက်သိမ်းတယ်လို့ သိရှိရတယ် ...
ရေလေးကလည်း အေး အနားယူစရာ နေရာလေးလည်း ဖြစ်ပါတယ်



ဘယ်လောက်ပူပူ ဘယ်လောက်ပန်းပန်း ရွှေစက်တော်က မန်းချောင်းရေချိုးလိုက်ရရင် လန်းဆန်းနေစမြဲပါ။ဘယ်နှစ်ကြိမ်ချိုးချိုးဖျားနာခြင်းမရှိဘူး ..အေးလည်းအေး ..ကြည်လည်းကြည်..စိတ်လည်းရွှင် ..ပျော်စရာလည်းကောင်းလို့ ရွှေစက်တော်ကို ရောက်ပြီးရင်းရောက်ချင်ဖြစ်နေတတ်ပါတယ်..

အထက်စက်တော်၊အောက်စက်တော်
ဖူးလိုက်ကြမယ်၊တူပျော်ပျော်
သူတော်ကောင်း၊သူမြတ်လောင်း
ကိန်းအောင်းမွေ့ပျော်..သည်တောင်ပေါ်
မုဆိုးဒူထောက်အရောက်သွား
တစ်ထောင့်နားလို့ ဟိုမျှော် ဒီမျှော်
ကြည့်လိုက်ပြန်သော်
စခန်းသော် ခြေတော်ရာလမ်း
ငဖဲစောင်းတန်းကြီးက တစ်မျှော်တစ်ခေါ်
မန်းကလည်း အဖော် ..လွမ်းစရာပဲနော်
မန်းစက်တော်....မန်းစက်တော်
မန်းစက်တော်ရဲ့ နွေပွဲတော်

ယဉ်ကျေးမှု ဒေသန္တရ အငွေ့အသက် ပညာသုတတစ်ခုခုရရင်ပဲနည်းတဲ့ တန်ဖိုးလား ..တစ်ဝကြီးလေ့လာစမ်းပါ ခံစားစမ်းပါ..ရှာဖွေစမ်းပါ ..မြန်မာပြည်မှာလေ့လာ ခံစားရှာဖွေစရာတွေ အများကြီးရှိတယ် သေချာစဉ်းစားကြည့်ရင် ခရီးသွားခြင်းဟာ အနုပညာတစ်ရပ်ပင်မဟုတ်ပါလား



ဒါကတော့ ရွှေစက်တော်ကအပြန် နဂါးပွက်တောင် ခန ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်
နဂါးမောင်နှမောင်ရေချိုးကန်ဖြစ်ပါတယ် .... ခရီးသွားရင်းဗဟုသုတ တိုးပွားနိုင်ကြပါစေ။

No comments: