Saturday 19 July 2008

သစ္စ္စာ







♥တစ်ကြိမ်သာဖြစ်သည့် အချစ်သည်
မင်းအတွက် ရည်ပေးခဲ့ပါသည်။

♥တိတ်ဆိတ်သက်ငြိမ် နှလုံးအိမ်လည်း
တည်ငြိမ်မဲ့၍ မင်းတစ်ယောက်ထံ တိမ်းညွတ်ခဲ့ပါပြီ။

♥ဟန်ဆောင်မူကင်း ငါ့ချစ်ခြင်းဖြင့်
မင်းဘ၀ သာယာစေပါမည်။

♥မုသားမပါ ငါ့သစ္စာလျှင်
အမှန်စင်စစ် အချစ်သစ်အား
မင်းထံမှ ရပါစေသည်။

♥ဘ၀ဆုံးတိုင် ပေါင်းနိုင်စေသား
မြတ်ဘုရားထံ တောင်းဆုပန်သည်
မင်းလေးသိစေချင်ပါသည်။

Read More...

Monday 7 July 2008

တစ်ခါက ..ချစ်သူ





ငှက်ကလေးတွေဟာ တသက်စာအတွက်

သီချင်းတပုဒ် ဆိုကြသတဲ့

တို့လည်း ဘ၀ တစ်သက်စာ အတွက်

သီချင်းတစ်ပုဒ် ဆိုပါရစေ

မင်းတစ်ယောက်တည်း ကိုသာချစ်သွားချင်လို့ပါနော်....♥ ♥ ♥


ဒါပေမယ့်.......

တို့လေ သီချင်းတစ်ပုဒ် ထပ်တိုးရမလိုဖြစ်နေပြီ

ချစ်သူကိုလွမ်းတဲ့ အချိန်တိုင်း ဆိုဖို့ သီချင်းတစ်ပုဒ်လေ

မင်းတစ်ယောက်တည်းကို လွမ်းနေဖို့ ပေါ့.... ☺ ☺




Read More...

ချစ်သူ.....



♥ လူလဲမမြင်
♥ အသံလဲမကြား
♥ စာသားအနက်
♥ ပီကာဆိုလျှက်
♥ မြတ်နိုးရတဲ့
♥ ကိုယ့်ချစ်သူရယ်
♥ နေ့စဉ်မပြတ်
♥ မင်းလာရက်ကို
♥ မှန်းရည်မျှော်လျှက်
♥ နေ့စဉ်ရက်ဆက်
♥ တွေ့ချင်လျှက်နဲ
♥ မျှော်လင့်နေဆဲပါ
♥ ချစ်သူရာ ... ☺



Read More...

Thursday 19 June 2008

လူဆိုသည် မှ အဆိုးနှင့်အကောင်း အမြဲဒွန်တွဲလျှက်ရှိသည် ။ဥာဏ်ပညာတွင်လည်း အကောင်းနှင့် အဆိုး ၂ မျိုးရှိသည်။
အကောင်း နှင့်အဆိုး ခွဲခြားသိမြင်မှ ဥာဏ်ပညာ ကြီးမြင့်နိုင်မည် ။

ဥာဏ်ပညာ (၂) မျိုး ရှိရာ အကောင်း ကို လေ့ကျင့်လျှင် ကောင်းသောအလေ့အကျင့်ကို ဘ၀အဆက်ဆက်မှာရ၏
အဆိုးဘက်မှ လေ့ကျင့်ချေက ဘ၀အဆက်ဆက်မှ မကောင်းမူကို ပြုကျင့်လျက် မကောင်းမူ၏ အကျိုးဆက်ကို ရောက်ရာ ဘ၀မှာ ခံရလေသည် ။

အမှန်တကယ် ကြီးပွားချမ်းသာလိုသည့် သူများသည် တစ်စုံတစ်ယောက်၏ ကြီးပွား ချမ်းသာခြင်းကို စောင့်မျှော်မနေ ။တစ်ခြားတစ်ယောက် ဟောပြောဖို့မလိုအောင် မိမိကိုယ်တိုင် နှစ်နှစ်ကာကာ ဟောပြောကာ ဆုံမလုပ်ကိုင်လေသည်။

နိတိကျမ်းကို တတ်သိနားလည် မူ အကြားအမြင်များသော ပညာရှိ ဖြစ်နိုင်၏။ ထို့ကြောင့် လူကောင်းဖြစ်လိုမူ နိတိကျမ်းကို သင်ကြားရ၏ ။

ပညာ၇ှိ အဖြစ်သည် လည်ကောင်း ၊ မင်းအဖြစ်သည်လည်းကောင်း ဂုဏ်ရည်တူညီသည်ဟု မဆိုနိုင်။ စိုးမိုးအုပ်ချူပ်သော မင်းကို မိမိအုပ်စိုးသော တိုင်းနိုင်ငံ ဍ် မြတ်နိုးပူဇော်အပ်၏။

အကြောက်သည် လူ၏ အကြီးဆုံးသော ရန်သူဖြစ်၏။ အကြောင်းမူကား များစွာသော အနိဠာရုံ တို့သည် ကြောင့်ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။

- ကပ်ရောဂါဖြစ်သော အခါ ကြောက်သောသူတွေ အလျင်သေကြလေသည် ။

- မကျမ်းမာ ဖြစ်မှာကို တွေးကြောက်ခြင်းသည် မမာမကျန်းဖြစ်အောင် မိမိကိုယ်ကို ပြုစားခြင်းပင် ဖြစ်လေသည်။

- ဒေါသထွက်ခြင်း ၊မုန်းတီးတတ်သော စိတ်၇ှိခြင်းသည် ကောင်းသော အရည်အချင်းဟူသမျှ ကို ပျက်စီးစေတတ်လေသည် ။

-ရတိုင်းမယူရ ၊ မတရားမယူရ ... လုံခြုံပြီထင်သော မတော်။မတရား မကြံနှင့် ၊မည်သူမျှ မသိဟု မထင်ကာ မရိုးးမသားမလုပ်နှင့် ၊တစ်နေ့တွင် ပေါ်ပေါက်လာပြီး အရှက်ကွဲတတ်သည် .............။

Read More...

Wednesday 18 June 2008

ပျော်ရွင်ချမ်းမြေ့စွာနေလိုလျှင်

ပျော်ရွင်ချမ်းမြေ့စွာနေလိုလျှင်

-တစ်ခါတစ်ရံ အခက်အခဲ ပြသနာများကို စဉ်းစား တွေးတော စိုးရိမ်နေခြင်းသည် တကယ်တမ်းရင်ဆိုင်
ဖြေရှင်းလိုက်ရသည်ထက် ပိုမို စိတ်ဆင်းရဲ စိတ်ညစ်ရတတ်ကြောင်း တွေ့ရှိရသည်။

-ထိပ်တိုက် ရင်ဆိုင်ဖြေရှင်း လိုက်ခြင်းသည်သာ ပျော်ရွင်စွာ နေထိုင်နိုင်ရန်အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

-ပျော်ရွင်ချမ်းမြေ့စွာ တကယ်နေလိုလျှင် စကားကို တတ်နိုင်သမျှ ဆင်ခြင်ပြောဆိုရန် အစဉ်သတိရှိနေသင့်သည်။

-တန်ဖိုးရှိသော အကျိုးရှိသော စကားကို ပြောမှ သာလျှင်သင်သည် တန်ဖိုးရှိသောသူ မိမိနှင့် အများအတွက် အကျိုးရှိသောသူ ဖြစ်လာပေမည်။

-လူအများသည် စကားပြောရာတွင် အလိုလားအပ်သော စကားပေါ့ပေါ့တန်တန် ပင် လွတ်ခနဲ့ ပြောဆိုတတ်ကြသည်။

-ငြင်းခုံခြင်း ၊အတင်းအဖျင်းပြောဆိုခြင်းတို့သည် အကျိုးမဲ့သော စကားများ ဖြစ်သည် ။စင်စစ်အားဖြင့် အငြင်းအခုံပြုလုပ်ရာတွင် မည်သူမှ အနိုင်ရလေမရှိပေ။
မိတ်ဆွေ တစ်ဦးဆုံးရူံး ခြင်းသာ အဖတ်တင်လေသည်။

-သင်သည် လူအပေါင်းတို့၏ ကြည်ညိုလေးစား၊ ချစ်ခင်မူ အစစ်အမှန်ကို ရရှိပြီး ပျော်ရွင်စွာနေလိုလျှင် မည်သည့်အခါမျှ မည်သူနှင့်မျှ ယှဉ်ပြိုင် မငြင်းပါနှင့်။

-နူတ်ကြောင့် သေ..လက်ကြောင့် ကြေ ဆိုသော စကားအတိုင်း စကားကို အစဉ်သတိထားပြောဆိုသင့်ပေသည်။မိမိပြောသော စကားကြောင့် မိမိစိတ်မချမ်းသာ ဖြစ်ရပြီး ပျော်ရွင်စွာ မနေရဘဲ ၇ှိတတ်သည် ကို သတိပြုသင့်ပေသည်။

-ကောင်းသော ၊ မှန်သော ၊ အကျိုးရှိသော စကား တန်ဖိုးရှိမည် ထင်သော စကားကို ပြောမည်ကြံမှ ပါးစပ် ကို ဖွင့်ပါ။

------ စကားကို အကျိုးရှိမယ်ထင်မှ ပြောဆိုပါ ----------။ ။

အားလုံးသော သူငယ်ချင်းမှာ ပျော်ရွင် ချမ်းမြေ့စွာ နေထိုင်နိုင်စေရန် ရည်၇ွယ်ခြင်း ဖြစ်ပါသည် ။ ။



~\ မေခ \~

Read More...

Thursday 29 May 2008

တစ်နေ့နေ့တော့ ....




စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့ လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။

လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ရှင်ရယ်…

တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…


Read More...

Wednesday 28 May 2008

အလိမ္မာ .... စာမှာရှိ

မမေးခင် စဉ်းစားပါ။ မဖြေခင်စဉ်းစားပါ။ မပြောခင်စဉ်းစားပါ။ ပြောပြီးလျှင် ပြင်၍မရ။


လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။


လူတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုရဲ့အကြောင်းကို အကောင်းပြောစရာမရှိလျှင် ဘာမှမပြောတာ အကောင်းဆုံး။


သူတပါးစကားကို အာရုံစိုက်နားထောင်ပါ၊ တစ်ဖက်သား စိတ်ဝင်စားမယ့် အကြောင်းရပ်ကိုပြောပါ၊ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောပါနှင့်။


စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကြည်ပါ၊ သူတပါးစကား ကြားဖြတ်မပြောနှင့်။


စကားကို အတိုင်းအဆနှင့်သာ ဆင်ဆင်ခြင်ခြင် ပြောသင့်သည်။ အလျှင်စလို ပြောခြင်းသည် အမှားများ၍ ဆင်ခြင်သင့်ပါသည်။ နေ့စဉ်သုံး စကားများကိုပင် အလျှင်စလို မပြောမိအောင် သတိထားသင့်သည်။


စကားဝိုင်းတွင် အလုအယက် ပြောတတ်သူများသည် သူတပါးထံမှ အကြံကောင်း၊ ဥာဏ်ကောင်း၊ အချက်အလက်ကောင်းများကို ရနိုင်သော အခွင့်အလမ်း ဆုံးရှုံးသည်။


စကားများများပြောသူကို လူအထင်သေးသည်။


အသေအချာမသိသော အကြောင်းအရာကို မပြောပဲနေသည်က ပိုကောင်းသည်။


ဒေါသထွက်လာလျှင် ဒေါသအရှိုန်မတက်မှီ ဘုရားဂုဏ်တော်ကို ကြည်ညိုရိုသေစွာ အာရုံပြုလိုက်ပါ။


အခါအားလျှော်စွာ ချီးမွမ်းစကားပြောဆိုပါ။


ပညာရှိတို့သည် အချင်းချင်း ချီးကျူးနေကြသည်။


ချီးကျူးစကားသည် ပေါင်းသင်းဆက်ဆံကိုလည်း အဆင်ပြေချောမွေ့စေသည်။ ချီးကျူသူကို ချီးကျူးခံရသူက ခင်မင်နှစ်လိုသည်။


ချီးမွမ်းစကားသည် လူ၏နှလုံးသားအတွက် နေရောင်ခြည်နှင့်တူသည်။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင် မရှင်သန်နိုင်။


အဆွေခင်ပွန်းချင်းရင်းနှီးစွာဖြင့် ချီးမွမ်းစကားတွေ အပြန်အလှန် ပြောကြဆိုကြတာဟာ ပျော်စရာကစားနည်းတစ်မျိုးပဲ။


လောလောဆယ် သင်တွေ့ဆုံနေရသည့် လူတွေအကြောင်း တစေ့တစောင်း သိထားဖူးသည်ဆိုက၊ ၎င်းလူနှင့်ပတ်သက်သည့် ချီးမွမ်းစရာအချက် တစ်စုံတစ်ရာကို ရည်ညွန်းကာ စကားစတင်မည်ဆိုက အဆင်ပြေနိုင်သော သဘောရှိသည်။


သူဘာစိတ်ဝင်စားလဲ သိအောင်စူးစမ်း၊ သဲလွန်စရှာ၊ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ကျွမ်းကျင်သူချည်းပဲ၊ အရေးကြီးတာက အဲဒီအချက်ကို နိုက်မိဖို့ပဲ၊ စမ်းကြည့်ပါလား။


မကူညီနိုင်လျှင် မကူညီနိုင်ကြောင်းပြောရန် ၀န်မလေးပါနှင့်။ အလွယ်တကူတာဝန်မခံသင့်။
မလိုအပ်သော စကားများကို အပိုမပြောမိစေရန်ဆင်ခြင်ပါ။


အပ်ကြောင်းထပ်စကား ခွန်အားမရှိ။

ထောင်တန်တဲ့စကား ရယ်ရင်ပေါ့။ သူ့နေရာနဲ့သူသာ ရယ်စရာပြောသင့်သည်။


သူတပါးကို ထိခိုက်နစ်နာစေသော ဟာသမှန်သမျှ သတိထား၍ရှောင်ရှားပါ။


လူထုပရိသတ်ကို ဟောပြောရာတွင် ရယ်စရာပြောလျှင် ပရိသတ်ရယ်ချိန်မှာ ကိုတိုင်မရယ်မိစေရန် သတိထားပါ။ စကားပြောရင်းမရယ်သင့်ပါ။ ရယ်ရင်းနှင့်လည်း စကားမပြောသင့်ပါ။


အလွန်ရင်းနှီးသော မိတ်ဆွေများနှင့် ဆက်ဆံမှုတွင် လွတ်လပ်မှု လွန်ကဲလာသည့်အခါ ပရမ်းပတာတွေဖြစ်လာပြီး ဒုက္ခရောက်တက်ပါသည်။


မိတ်ဆွေတွေကို မိမိ၏ အတွင်းရေးများကို မိမိဘာသာ အလွန်အကျွန်ဖွင့်ပြောမိလျှင် နောင်ကျမှ တစိမ့်စိမ့်တွေးကာ အဲသည်လူကို မကျေနပ်သလိုလို၊ ရှက်သလိုလို၊ မကျေနပ်ချင်သလိုလို ခံစားရတက်သည်။


ဧည့်ခံပွဲတွေမှာ လူတိုင်းက ကိုယ့်လိုပဲ ဘာလုပ်ရမှန်းမသိ ကသိကအောက် ဖြစ်နေကြတာ၊ အဲဒီချိန် လူတစ်ယောက်ကို ဖမ်းနုတ်ဆက်လိုက်၊ အဲသည်လူ ၀မ်းသာသွားလိမ့်မယ်။



/~~မေခ~~/

Read More...

Thursday 24 April 2008

ငွေငန်းမြို့ မ အလှကျက်သရေ

Type your summary here.









မန္တလေးမြို့ ရဲ့ ကျက်သရေဆောင်
သင်္ကြန်ဆိုတိုင်း မန္တလေးရွှေမြိဲု့တော် မှာ
သူမပါရင် ပွဲမစည်သလို..အပါမဖြစ်
အမြဲရှေဆုံးက ဦးဆောင်ပြီး ၀င်ရောက် ပြသနေတဲ့
မန္တလေးမြို့  ရဲ့ အလှကျက်သရေ မြို့မ
အလှပြယာဉ်ပဲဖြစ်ပါတယ်....
နှစ်စဉ်နှစ်တိုင်း အလှပြယာဉ်တွေမပြသခင်
ရှေ့ဆုံး က ဦးဆောင်ပြီး ပြသရဲ့ တဲ့
အလှပြယာဉ်ငယ်လေးဖြစ်ပါတယ်.............
ပြိုင်ပွဲဝင် အလှပြယာဉ်မဟုတ်ပေမယ့်
အလှပြယာဉ်တွေရဲ့ အရှေကနေ ပြသရတဲ့
ယာဉ်ငယ်လေးဖြစ်ပါတယ်။ ။
မန္တလေး သင်္ကြန်ဆို မြို့မမပါရင် ပွဲမစည်သလိုပါပဲ
ဖွင့်ဖွဲနေ့ မှာ အရင်ဆုံး ဦးဆောင်ဝင်ရောက်ပြသပြီး
ကျန်ရက်များမှာ နေရာ အနှံ့ လှည့်လည်ပြသခဲ့ပါတယ်......
ငွေငန်းမြို့မ လာရောက်တဲ့အချိန် ..အချိန်မီ
ဓာတ်ပုံရိုက်ခဲ့ရပါတယ်..အခုပုံလေးကတော့ ဒီနှစ်သင်္ကြန်မှာ
ပြင်ဆင်ထားတဲ့ မြို့မရဲ့
အလှပြယာဉ်ငယ်လေးဖြစ်ပါတယ်.....

~မေခ~

Read More...

Monday 24 March 2008

တုန်တုန်ရဲ့ ဖက်ရှင်

မီးမီးလေး တုန်တုန်ရဲ့ ဖက်ရှင်




ဓာတ်ပုံရိုက်မယ်ဆိုလို့ ..အမြန်ငင်ရိုက်လိုက်တာ


သင်္ကြန်မှာပျော်မြူးစွာ

နေပူတာတောင် ရိုးထုတ်နေရတာ



ဓာတ်ပုံလည်းရိုက်ပြီးရော ..ရေနစ်တာပဲ ဟဲဟဲ



ဆွမ်းကပ်မလို့ကို ဓာတ်ပုံလာရိုက်လို့ စိတ်ဆိုးတာ


ပါးပြင်မှာ သနပ်ခါးလေးနဲ့ မြန်မာဆန်ဆန်


နောက်မှ ထပ်တင်မယ်နော် .....
မီးမီးလေးရဲ့ ပုံရိပ်များ ... ဖိုတိုများကြီးရိုက်ထားသေးတယ် ....

Read More...

Tuesday 11 March 2008

မန်းရွှေစက်တော်သို့ အလည်တစ်ခေါက်

ရွှေစက်တော် ဘုရားပွဲက တပို့တွဲလဆန်း(၅)ရက်နေ့မှာ အထက်ခြေတော်ရာ ..အောက်ခြေတော်ရာ စတင်ဖွင့်ပြီး တန်ခူးလ သင်္ကြန်ပြီးတဲ့အထိ ဘုရားပွဲတော် ကျင်းပလေ့ရှိတာမို့ နွေပွဲတော်လို့ ခေါ်တာပေါ့။ခရီးသွားချင်သူများအတွက် တပို့တွဲလဆိုတာ မပူမီ သိပ်မအေးတော့ပြီ ဖြစ်လို့ ဆောင်းမပီတမီ နွေခါတော်မီမို့ ခရီးသွားရတာအကောင်းဆုံးလပါ....


အရင်ဆုံး ပုဂံကို ၀င်ခဲ့တယ် ....ည ၁၀း၃၀ လောက်ကတည်းက မန္တလေးမြို့ က ထွက်ခဲ့တယ်လေ
ပုဂံကို မနက် ၅နာရီကျော်ကျော်လောက်ရောက်ခဲ့တယ်...


ပုဂံက ရှေးဟောင်းဘုရားများကို ပြန်လည်ပြုပြင်မွမ်းမံတဲ့စေတီငယ်များကို လိုက်လံဖူးမြော်ခဲ့တယ်...


ရွှေစက်တော်ကို ညပိုင်းမှရောက်ရှိခဲ့တယ် ..ညပိုင်းရောက်တော့ဘယ်မှမသွားဖြစ်ဘူး..တစ်ညတာနားလိုက်ရတယ်
မနက်ပိုင်းရောက်တော့ ရွှေစက်တော်ရဲ့ခြေတော်ရာမှာ ဘုန်းဘုန်းများဆွမ်းခံကြွချီတော်မူလာတယ် ..
ထမင်းက ချက်ပြီးသားများကို လိုက်လံရောင်းချပေးသော ဈေးသည်များ နဲ့စည်ကားလျှက်ရှိတယ်...
ဘုန်းဘုန်းများ မနက် ၈ နာ၇ီတွင် ဆွမ်းခံကြွချီတော်မူလာသောအခါ စေတနာရှင်များက မိမိတတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် လှူဒါန်းကြတာကို တွေ့ရှိရပါတယ် ..ဈေးသည်များကလည်းသူ့ထက်ငါအလုအယက်ရောင်းချနေကြတယ်...


မနက်စာစားသောက်ပြီး အထက်စက်တော်ရာသို့ရောက်ရှိခဲ့ပါတယ် ...ခြေတော်ရာသို့ မိန်းကလေးများဝင်ရောက်လို့မရတာကြောင့် အပြင်ဘက်ကပဲဖူးမြော်ခဲ့ရပါတယ် ....


ဘုရားသို့ ဆွမ်းပန်း သစ်သီးများ လှူဒါန်းပူဇော်ခဲ့တယ် ...

ဒီပုံလေးကတော့ ခနတာတည်းခိုလို့ရတဲ့ အဆောင်ငယ်လေးများဖြစ်ပါတယ်
ပွဲတော်ပြီးတာနဲ့ ပြန်လည်ဖျက်သိမ်းတယ်လို့ သိရှိရတယ် ...
ရေလေးကလည်း အေး အနားယူစရာ နေရာလေးလည်း ဖြစ်ပါတယ်



ဘယ်လောက်ပူပူ ဘယ်လောက်ပန်းပန်း ရွှေစက်တော်က မန်းချောင်းရေချိုးလိုက်ရရင် လန်းဆန်းနေစမြဲပါ။ဘယ်နှစ်ကြိမ်ချိုးချိုးဖျားနာခြင်းမရှိဘူး ..အေးလည်းအေး ..ကြည်လည်းကြည်..စိတ်လည်းရွှင် ..ပျော်စရာလည်းကောင်းလို့ ရွှေစက်တော်ကို ရောက်ပြီးရင်းရောက်ချင်ဖြစ်နေတတ်ပါတယ်..

အထက်စက်တော်၊အောက်စက်တော်
ဖူးလိုက်ကြမယ်၊တူပျော်ပျော်
သူတော်ကောင်း၊သူမြတ်လောင်း
ကိန်းအောင်းမွေ့ပျော်..သည်တောင်ပေါ်
မုဆိုးဒူထောက်အရောက်သွား
တစ်ထောင့်နားလို့ ဟိုမျှော် ဒီမျှော်
ကြည့်လိုက်ပြန်သော်
စခန်းသော် ခြေတော်ရာလမ်း
ငဖဲစောင်းတန်းကြီးက တစ်မျှော်တစ်ခေါ်
မန်းကလည်း အဖော် ..လွမ်းစရာပဲနော်
မန်းစက်တော်....မန်းစက်တော်
မန်းစက်တော်ရဲ့ နွေပွဲတော်

ယဉ်ကျေးမှု ဒေသန္တရ အငွေ့အသက် ပညာသုတတစ်ခုခုရရင်ပဲနည်းတဲ့ တန်ဖိုးလား ..တစ်ဝကြီးလေ့လာစမ်းပါ ခံစားစမ်းပါ..ရှာဖွေစမ်းပါ ..မြန်မာပြည်မှာလေ့လာ ခံစားရှာဖွေစရာတွေ အများကြီးရှိတယ် သေချာစဉ်းစားကြည့်ရင် ခရီးသွားခြင်းဟာ အနုပညာတစ်ရပ်ပင်မဟုတ်ပါလား



ဒါကတော့ ရွှေစက်တော်ကအပြန် နဂါးပွက်တောင် ခန ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်
နဂါးမောင်နှမောင်ရေချိုးကန်ဖြစ်ပါတယ် .... ခရီးသွားရင်းဗဟုသုတ တိုးပွားနိုင်ကြပါစေ။

Read More...

Sunday 2 March 2008

ကိုရီးယားသွားချင်သော မြန်မာလူမျိုးများ အတွက်

မေခအကို တစ်ယောက်က ကိုရီးယားကို လာချင်တဲ့သူနဲ့ ပတ်သတ်ပြီးဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ် အဲ့ဒီဆောင်းပါးလေးကို မေခပြန်ပြီးတင်ဆက်ပေးခဲ့မယ်နော် တစ်ကယ်လို့ ကိုရီးယားကိုမှ သွားချင်သော ကိုကို၊မမ ..ဦးဦး။ဒေါ်ဒေါ် များအတွက် သိထားသင့်တယ်လို့ ထင်လို့ တင်ပေးလိုက်ပါတယ် ... သူကိုယ်တိုင်လည်း ဟစ်တိုင်းဂျာနယ်မှာ ၀င်ရောက်ရေးသားခဲ့ပါတယ် မဖတ်လိုက်ရသူများအတွက်စေတနာမွန်ဖြင့်...........

ကိုရီးယားကိုလာချင်တဲ့ မြန်မာညီအစ်ကိုတွေကို ဆက်ပြီးကိုရီးယားနဲ့ဆိုင်တဲ့ အကြောင်းလေးတွေကို ဆက်လက်ဖော်ပြချင်တာနဲ့ ဒီဆောင်းပါးကို ဆက်ရေးလိုက်ပါတယ်။ ကိုရီးယားကို ပွဲစားတွေနဲ့ လာမဲ့ ကိစ္စတွေကို အရင်ဆောင်းပါးမှာ ဖော်ပြခဲ့ဘူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကိုရီးယားမှာ တရားမ၀င်(over stay)နေထိုင်တဲ့သူတွေကို အရမ်းနှိမ်နင်းဖမ်းဆီးနေပါတယ်။ အခုကိုရီးယားမှာ နည်းမျိုးစုံနဲ့ နေထိုင်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားပေါင်း ၁၀သိန်းကျော် ရှိနေပါပြီ။ အဲဒီထဲမှာ တရားမ၀င်(over stay) နေထိုင်တဲ့သူပေါင်း ၂သိန်း၂သောင်းကျော်ရှိပါတယ်။ နိုင်ငံခြားသားပေါင်း ၁၀သိန်းကျော်ထဲမှာတော့ မြန်မာက အနည်းစုပဲရှိပါတယ်။ ၄၀၀၀ကျော်လောက်ပဲရှိပါတယ်။ အခုဆိုရင် မြန်မာတွေထဲက တရားမ၀င်(over stay) နေကြတဲ့ သူတွေထဲကနေ အဖမ်းခံရပြီး ပြည်တော်ပြန်ကြရတဲ့သူတွေလည်း မနည်းဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ရက်နေ့က ကိုရီးယားအလုပ်သမားဝန်ကြီးနဲ့ မြန်မာအလုပ်သမားဝန်ကြီးတို့ memorandum of understanding (MOU) စာချုပ်မှာ တရားဝင် လက်မှတ်ထိုးပြီးသွားပြီလို့ ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ (MOU) စာချုပ်ချုပ်ပြီးသွားတဲ့အတွက် အမြန်ဆုံးအကောင်အထည်ဖော်မယ်ဆိုရင် လာမယ့်နှစ် ၂၀၀၈ခုနှစ် မေလလောက်မှာ မြန်မာပြည်က အလုပ်သမားတွေ အလုပ်သမားအသုံးပြုခွင့်စနစ်(EPS) employment permit system နဲ့ ကိုရီးယားကို တရားဝင်လာပြီး အလုပ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်သမားအသုံးပြုခွင့်စနစ်(EPS) အရ ကိုရီးယားဘာသာစာမေးပွဲ(EPS-KLT) စာမေးပွဲကို အောင်မြင်ရမှာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ အသုံးပြုတဲ့ အလုပ်သမားအသုံးပြုခွင့်စနစ်(EPS)အရ အလုပ်သမားဝန်ကြီးဌာန အချင်းချင်းဆက်သွယ်ပြီး အလုပ်လုပ်ရမှာ ဖြစ်ပေမယ့် မြန်မာပြည်ဖက်ကတော့ ရွှေအင်းဝကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။
ကိုရီးယားကိုလာမယ့်သူများအတွက် ကိုရီးယားနိုင်ငံသားတွေရဲ့ ယဉ်ကျေးမှု အကျင့်စရိုက်လေးတွေ ထဲက သိသင့်သိထိုက်တာလေးတွေနဲ့ ကိုရီးယားနိုင်ငံကိုရောက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာတွေရဲ့ အကြောင်းလေး အနည်းငယ်ကို ပြောပြချင်ပါတယ်။ ကိုရီးယားလူမျိုးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် မင်္ဂလာပါလို့ နှုတ်ဆက်တတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့(good morning)ပေါ့ဗျာ။ဘာဖြစ်လို့ဒီဟာကိုရေးကြီးခွင်ကျယ်လုပ်ပြီးထည့်ရေးရလည်းဆိုရင်ကျွှန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများဟာတစ်ယောက်နဲ့
တစ်ယောက်မင်္ဂလာပါဆိုတဲ့နှုတ်ခွန်းဆက်စကားဟာကျောင်းစာသင်ခန်းတွေထဲမှာနှုတ်ဆက်တတ်ကျပါတယ်။အပြင်မှာနှုတ်ဆက်တတ်တဲ့အကျင့်စရိုက်မရှိလို့
ထည့်ရေးလိုက်ရတာပါ။
နောက်ပြီးကိုရီးယားလူမျိုးတွေဟာဘာပဲလုပ်လုပ်မြန်မြန်လုပ်တတ်ကျပါတယ်။ကိုရီးယားလူမျိုးတွေဟာကိုယ့်ထက်ကြီးတဲ့သူကိုရိုသေလေးးစားရမယ်၊
ကိုယ့်ထက်ကြီးတာ သူကပြောတဲ့စကားကိုနားထောင်ရမယ်ဆိုတဲ့
ဓလေ့ဟာကျွှန်တော်တို့မြန်မာတွေထက်ပိုပါတယ်။ဥပမာကျွှန်တော်တို့မြန်မာတွေကိုယ်နဲ့အသက်အရွယ်ကွာပေမယ့်သူငယ်ချင်းလိုပေါင်းသင်းဆက်ဆံကြတာရှိပါတယ်။
ကိုရီးယားလူမျိုးတွေမှာမရှိသလောက်ပါပဲ။ကိုရီးယားမှာရှိတဲ့မြန်မာတွေအကြောင်းကိုနည်းနည်းပြောပြချင်ပါတယ်။ကိုရီးယားကိုလာမယ့်ညီအစ်ကိုတွေအထူးသဖြင့်တရားဝင်နည်းလမ်း
တဲ့လာမယ့်ညီအစ်ကိုတွေပိုပြီးသိစေချင်ပါတယ်။မြန်မာပြည်ကနေလာရင်ကိုရီးယားမှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေနဲ့မပတ်သက်မဆက်နွယ်ဖို့ဆုံးမသြ၀ါဒတွေပေးမယ်ဆိုတာကိုအရင်ဆောင်းပါးမှာ
တုန်းကဖော်ပြခဲ့ဘူးပါတယ်။မြန်မာပြည်ကနေအစိုးရရဲ့ခွင့်ပြုချက်နဲ့ကိုရီးယားကိုလူလွှတ်တဲ့ကုမ္ပဏီတွေရှိခဲ့ဘူးပါတယ်။အရင်တုန်းကတော့သင်တန်းသားစနစ်နဲ့ပေါ့မာတီဂိတ်ကုမ္ပဏီ
၊ထွန်းဦးကုမ္ပဏီ၊ဒေါက်တာဇော်မင်း၊ရွှေအင်အားကုမ္ပဏီစတဲ့ကုမ္ပဏီတွေနဲ့ကိုရီးယားကိုလူတွေပို့ပါတယ်။ဒါပေမယ့်အဲဒီကုမ္ပဏီတွေအားလုံးဟာလည်းပွဲစားကုမ္ပဏီတွေပါ။
အကျိုးဆောင်ကုမ္ပဏီတွေမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွှန်တော်သိထားတဲ့အကျိုးဆောင်ဆိုတာမိမိအကျိုးဆောင်ပေးတဲ့လုပ်ငန်းကိစ္စတစ်ခုကိုဆုံးခန်းတိုင်အောင်ဆောင်ရွက်ပေးတာ
အကျိုးဆောင်လို့သိထားလို့ပါ။အဲဒီကုမ္ပဏီတွေကတော့အဲဒီလိုမဟုတ်ဘူးဆိုတာအဲဒီကုမ္ပဏီတွေနဲ့ကိုရီးယားကိုလာခဲ့ကြတဲ့ညီအစ်ကိုတွေကနေတဆင့်သိခဲ့လို့ပါပဲ။အခုရွှေအင်းဝဆိုတဲ့
ကုမ္ပဏီကတော့ဘယ်လိုလာအုံးမယ်ဆိုတာတော့ပြောလို့မရသေးဘူး။စောင့်ကြည့်ရအုံးမှာပေါ့။ကိုရီးယားမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့အကျိုးကိုဆောင်ရွှက်ပေးနေတဲ့မြန်မာအဖွဲ့အစည်းတွေရှိပါတယ်။
ကိုရီးယားကိုရောက်လို့ရှိရင်အဲဒီအဖွဲ့အစည်းတွေနဲ့ဆက်သွယ်အကူအညီတောင်းဖို့အကြံပေးလိုပါတယ်။ကိုရီးယားကိုတခြားနည်းလမ်းနဲ့လာပြီးတရားမ၀င်(over stay)နဲ့လာပြီးအလုပ်လုပ်ကြတဲ့သူတွေအချင်းချင်းအလုပ်ရှာပေးကြတဲ့အခါတချို့နိုင်ငံတွေမှာလိုအလုပ်ပွဲစားမရှိပါဘူး။အချင်းချင်းကူညီကြပါတယ်။အခုဆိုရင်ကိုရီးယားမှာမြန်မာလူဦးရေတာနည်းတာ
မြန်မာအစားအစာတော်တော်စုံစုံစားလို့ရပါတယ်။ယုတ်စွအဆုံးကွမ်းယာကြိုက်တဲ့ညီအစ်ကိုတွေအတွက်ဆိုရင်ကွမ်းယာတောင်ဝယ်စားလို့ရပါတယ်။ဈေးတော့ကြီးတာပေါ့အခုကွမ်းတစ်ရာ
ကိုရီးယားဝမ်(၃၀၀)ပေးရပါတယ်။မြန်မာငွေနဲ့ဆိုရင်၄၀၀လောက်ပေါ့။ကိုရီးယားကိုလာပြီးပင်ပင်ပမ်းပမ်းအလုပ်လုပ်ပြီးသုံးဖြုံးလို့ကတော့အိမ်ကတောင်ပြန်မှာသုံးရလိမ့်မယ်။မြန်မာတွေအချင်းချင်းရိုင်းပင်းကူညီတဲ့
လူတွေရှိသလိုအချင်းချင်းခေါင်းပုံဖြတ်ချင်တဲ့စီးပွားရေးသမားအချို့လည်းရှိပါတယ်။ကိုရီးယားမှာမြန်မာပြည်လိုပဲဘောလုံးပွဲ၊ချဲထီလောင်းကစားလုပ်လို့ရပါတယ်။တချို့ဆိုအဲဒီလောင်းကစားတွေလုပ်လို့
လစာထုတ်ရင်ကုန်ပါလေရော။ကိုရီးယားမှာပုံမှန်ကိုရီးယားထမင်းတစ်နပ်ကိုဝမ်၄၀၀၀ကနေ၅၀၀၀ရှိပါတယ်။မြေအောက်ရထား(subway)တို့မြို့တွင်းပြေးဘတ်စ်ကားခကတော့အနည်းဆုံးဝမ်၁၀၀၀ကနေစပါတယ်။
သွားတဲ့လာတဲ့အခါမှာခရီးစရိတ်သက်သာဖို့အတွက်ခရီးသွားကဒ်တွေဝယ်ထားသင့်ပါတယ်။ခရီးသွားကဒ်တွေကိုနီးစပ်ရာဘစ်စ်ကားမှတ်တိုင်တွေမှာရှိတဲ့ဈေးဆိုင်လေးတွေမှာရောင်းပါတယ်။ခရီးသွားကဒ်အသုံးပြုမယ်
ဆိုရင်မြေအောက်ရထား(subway)ပဲစီးစီးဘစ်စ်ကားပဲစီးစီးဆိုးလ်မြို့နဲ့နီးစပ်ရာမြို့တွေမှာဆိုရင်ဈေးသက်သာပါတယ်။ဆေးလိပ်သောက်တတ်တဲ့သူအတွက်ဆိုရင်ကိုရီးယားဆေးလိပ်တစ်ဘူးက
ိုအနည်းဆုံးဝမ်၂၀၀၀တန်ကနေစပြီးရှိပါတယ်။အရက်သောက်တတ်တဲ့ကိုကိုတို့အတွက်ကတော့ကိုရီးယားအရက်(ဆိုဂျုး)တစ်ပုလင်းကိုဝမ်၁၁၀၀ပါ။ရုပ်ရှင်ရုံမှာအပျင်းပြေရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်တော့ရုပ်ရှင်တစ်ကားက
ိုဝမ်၁၂၀၀၀ကျော်ပေးရပါတယ်။အပျင်းပြေကာရာအိုကေဆိုမယ်ဆိုရင်တော့တစ်နာရီကိုဝမ်၁၄၀၀၀ပေးရပါတယ်။အဲဒါရိုးရိုးနော်မိန်းခလေးအဖော်နဲ့မှဆိုချင်တယ်ဆိုရင်တော့နောက်ထပ်တစ်နာရီကိုဝမ်၂၀၀၀၀သောင်းထပ်ပေးရပါလိမ့်မယ်။
အဲဒီထက်ဆန်းချင်တယ်ဆိုရင်တော့ဝမ်သိန်းဂဏန်းကုန်မှာပေါ့ဗျာ။ဆန်းသထက်ဆန်းချင်ရင်တော့အိမ်ကသာပြန်မှာပေတော့။အရင်ဆောင်းပါးကိုဖတ်ပြီးကျွှန်တော့ဆီကိုအီးမေးလ်ကနေမေးမြန်းတာတွေရှိပါတယ်။အဲဒီအထဲမှာ
တချို့ဆိုပွဲစားတွေကိုစရံတွေပါတွေပေးထားပြီးပြီ။မြန်မာပြည်မှာဘာလုပ်ငန်းလုပ်တတ်လို့ကိုရီးယားမှာအဲဒီတတ်တဲ့အလုပ်မျိုးရမယ်ဆိုပြီးပွဲစားကပြောတယ်တဲ့။အဲဒါမျိုးတွေလုံးဝမယုံပါနဲ့။ကိုရီးယားမှာစင်္ကာပူလ
ိုဘာပညာတတ်ရင်ဘာအလုပ်ရမယ်ဆိုတဲ့အလုပ်မျိုးအခုအချိန်အထိမရှိသေးပါဘူး။အရင်ဆောင်းပါးမှာရေးထားဖူးသလိုပဲကိုရီးယားမှာလာပြီးအလုပ်လုပ်မယ်ဆိုရင်ဘယ်အလုပ်ပဲဖြစ်ဖြစ်ဒေါင်ကျကျပြားကျကျလုပ်မယ်ဆိုတ
ဲ့စိတ်ရှိရင်ရပါတယ်။ပညာအရည်အချင်းကတော့ကုန်ကုန်ပြောရရင်သူငယ်တန်းမအောင်လည်းကိုရီးယားကိုအလုပ်လာလုပ်လို့ရပါတယ်။ကိုရီးယားမှာကဘွဲ့တွေတသီကြီးရလာတဲ့ပညာတတ်ပဲဖြစ်ဖြစ်။အတန်းပညာမတတ်သူပဲဖြစ်ဖြစ
်အလုပ်လုပ်မယ်ဆိုရင်တော့အတူတူပါပဲ။ကွာခြားတာတစ်ခုတော့ရှိမယ်။ကိုရီးယားဘာသာစကားနားလည်ရင်တော့သက်တောင့်သက်တာဖြစ်မယ့်အလုပ်မျိုးတွေရှာလုပ်လို့ဖြစ်နိုင်မယ်။ဒါတောင်အစိုးရအစီအစဉ်နဲ့လာတဲ့သူတွေကတော့
အဲဒီအစီအစဉ်ကချပေးတဲ့အလုပ်တွေမှာပဲလုပ်ရတာများပါတယ်။ကိုရီးယားကိုအလုပ်လာလုပ်မယ်သူတွေအတွက်အဓိကလိုအပ်ချက်ကတော့။ဘာအလုပ်ပဲဖြစ်ဖြစ်လုပ်မှာပဲဆိုတဲ့စိတ်ရှိရပါမယ်။အတတ်နိုင်ဆုံးကိုရီးယားဘာသာစကားကိုလေ့လာပါ။
အခုဆိုရင်မြန်မာပြည်ရန်ကုန်နဲ့မန္တလေးမြို့တွေမှာကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲတွေတောင်ဖြေလို့ရနေတယ်လို့သိရပါတယ်။နောက်တစ်ခုကအခုကိုရီးယားကိုရောက်လာနေတဲ့မြန်မာမိန်းခလေးတွေအနည်းအကျဉ်းရှိပါတယ်။
တချို့ကကျောင်းဗီဇာတွေနဲ့လာကြတဲ့သူတွေရှိသလိုများသောအားဖြင့်ကတော့တခြားနည်းလမ်းတွေနဲ့လာကြပါတယ်။ကိုရီးယားကိုအလုပ်လာလုပ်တဲ့မိန်းခလေးတော်တော်များများကတော့ပွဲစားတွေနဲ့လာကြတာတွေပဲပေါ့။
ကိုရီးယားလာဖို့ပြင်ဆင်နေကြတဲ့အစ်မ၊ညီအစ်မတွေကိုတစ်ခုပြောပြချင်ပါတယ်။အခုကိုရီးယားမှာမြားနတ်မောင်ကုမ္ပဏီတွေရှိပါတယ်။အဲဒီကုမ္ပဏီတွေလုပ်တဲ့အလုပ်ကကိုရီးယားမှာဒီတစ်သက်မိန်းမမရနိုင်တော့တဲ့သူတွေနဲ့
တခြားနိုင်ငံသူတွေကိုပေးစားတယ်။အခုဆိုရင်ဗီယက်နာမ်၊ဖိလစ်ပိုင်၊ထုင်း၊ကမ္ဘောဒီးယားစတဲ့အရှေ့တောင်အာရှနိုင်ငံသူတွေအများကြီးပါ။အဲဒီထဲမှာမြန်မာအမျိုးသမီးတချို့လည်းပါပါတယ်။အခုမြန်မာပြည်မှာကိုရီးယားကို
အရမ်းအထင်ကြီးနေတဲ့အတွက်ကိုယ့်မြန်မာအမျိုးသမီးတွေဘ၀ရေတိမ်နစ်မှာစိုးရိမ်လို့ပါ။တစ်ကယ်ချစ်လို့ကြိုက်လို့အိမ်ထောင်ပြုကျတဲ့သူတွေရှိပေမယ့်တော်တော်များများကတော့ပေးစားခံရတာပါ။
ပေးစားတဲ့ကိုရီးယားယောင်္ကျားတွေကများသောအားဖြင့်ကိုရီးယားရဲ့တောနယ်ကလူပျိုသိုးကြီးတွေဖြစ်ချင်ဖြစ်မယ်။မြို့ပေါ်ကဆိုရင်လည်းအိမ်ထောင်ကွဲထားတဲ့သူ၊အဲဒီလိုလူမျိုးတွေများပါတယ်။
ကိုရီးယားပဲပိုက်ဆံချမ်းသာမှာပဲဆိုပြီးအထင်ကြီးပြီးကိုရီးယားလိုက်လာရင်တော့မှားဖို့ကများပါလိမ့်မယ်။အဲဒီလိုတစ်ခြားနိုင်ငံသူတွေကိုပွဲစားတွေကနေတစ်ဆင့်အိမ်ထောင်ပြုတဲ့သူတွေထဲမှာ
ပိုက်ဆံချမ်းသာတဲ့သူမရှိသလောက်ပါပဲ။အဓိကကတော့အထင်မကြီးမိဖို့ပေါ့။ပြီးခဲ့တဲ့နှစ်ကကျွှန်တော့ဆီကိုကိုရီးယားတစ်ယောက်မြန်မာစကားသင်ချင်လို့ဆိုပြီးအကူအညီတောင်းပါတယ်။
ဘာလုပ်ဖို့သင်မှာလဲလို့မေးတော့မြန်မာပြည်ကနေမိန်းမယူမလို့တဲ့သူအကြောင်းမေးကြည့်တော့ကလေးနှစ်ယောက်အဖေ၊သောက်စားမူးရူးနေလို့မိန်းမကကွာရှင်းသွားတာ။
အဲဒါသူကမြန်မာပြည်ကိုအရင်တစ်ခေါက်ရောက်ဖူးတဲ့အကြောင်းသူယူမယ်ဆိုတဲ့ကောင်မလေးဓါတ်ပုံကိုကျွန်တော့ကိုထုတ်ပြတယ်။ကောင်မလေးက၂၁နှစ်ပဲရှိသေးတာတဲ့။
ကောင်မလေးမိဘတွေကလည်းသူနဲ့သဘောတူတယ်လို့သူကတော့ပြောတယ်။ကျွန်တော်ဒေါသတော်တော်ထွက်သွားတယ်။အဲဒီလိုကိစ္စဆိုရင်မကူညီနိုင်ဘူးဆိုပြီးလမ်းခွဲလိုက်ရတယ်။
အခုကိုရီးယားကိုကုန်းပေါ်မှာတင်မဟုတ်ဘူးကိုရီးယားသင်္ဘောလိုင်းတွေမှာမြန်မာသင်္ဘောသားတွေတော်တော်များနေပြီဒီဆောင်းပါးကနေတစ်ဆင့်ကိုရီးယားသင်္ဘောလိုင်းတွေမှာအလုပ်လုပ်နေကြတဲ့
ရွှေမြန်မာညီအစ်ကိုတွေလည်းကိုရီးယားနိုင်ငံရဲ့အလုပ်သမားဥပဒေနဲ့သက်ဆိုင်ပါတယ်။အခက်အခဲဖြစ်ခဲ့ရင်ဆက်သွယ်နိုင်ပါတယ်။ကျွှန်တော်တတ်နိုင်တဲ့ဖက်ကနေကူညီပေးပါမယ်။
မြန်မာနိုင်ငံသားရွှေညီအစ်ကိုမောင်နှမတွေရောက်လေရာနေရာတိုင်းမှာအစစအရာရာအဆင်ပြေကျပါစေလို့ဆုတောင်းလိုက်ပါတယ်။

Read More...

ပျော်ရွှင်ဖွယ်ရာ ...ကလေးကမ္ဘာ

ချစ်စရာ ကလေးငယ်လေးများ ....



Read More...

ပြည့်စုံအေးချမ်းသော ဘဝ

ဘ၀၏တန်းဖိုးကြီးမားသော အချိန်များကို မလွှဲရှောင်သာ ကိစ္စလေးများအတွက် ဖြုန်းတီးမိခြင်းဟူသော နောင်တ မရရှိကြစေရန် ဘ၀အတွက် အရေးပါသည့် အခြေခံလမ်းစဉ်များကို သတိပြုမိကြစေရန်...
လောကတွက် ပြည့်စုံအေးချမ်းသော ဘ၀ကို လူသားတိုင်းရရှိစေလိုသော ရည်ရွယ်ချက်ဖြင့်....

၁။အသေးအဖွဲကို အလေးမကဲပါနှင့်။
၂။မပြည့်ဝခြင်းကို ယိုးမယ်မဖွဲ့ပါနှင့်။
၃။ စိတ်အေးချမ်းသာ ပြုတတ်သူတို့ ထူးချွန်သူ မဖြစ်နိုင်ဟု မထင်ပါနှင့်။
၎။စိတ်ကူးထွေပြားမှုကို သတိချပ်ပါ။
၅။အကြင်နာစိတ်ပွားများပါစေ။
၆။ကိုယ်မရှိလျှင်လည်း အလုပ်တွေကျန်နေအုံးမည်။
၇။သူတစ်ပါးပြောစဉ် စကားဖြတ်မပြောပါနှင့်။
၈။တစ်ပါးသူကို ကောင်းမှုပြုပါ။ပြုကြောင်းကို မပြောပါနှင့်
၉။သူတစ်ပါး ၀င့်ကြွားပါစေ။
၁၀။လက်ငင်းဘ၀ကို ကြိုးစားဦးတည်ပါ။
၁၁။လူတိုင်း ကိုယ်ထက်တော်သူဟု သဘောထားပါ။
၁၂။ တစ်ဖက်လူ"မှန်သည် " ဟုတ် အများအမြင်ဖြင့်သဘောထားပါ။
၁၃။ပိုပြီးသည်းခံတတ်ဖို့
၁၄။ "သည်းခံဖို့လေ့ကျင့်ချိန် "သတ်မှတ်ပါ။
၁၅။ မေတ္တာထားသူ။ပေါင်းသင်း ဆက်ဆံတတ်သူ ပထမဆုံးဖြစ်ပါစေ။
၁၆။ "ဒီကိစ္စ နောင်နှစ်ခါ အရေကြီးပါဦးမည်လား " မိမိကိုယ်ကို မေးကြည့်ပါ။
၁၇။ဘ၀ဆိုတာ မမျှတကြောင်းလက်ခံပါ။
၁၈။ငြီးငွေ့စရာရှိက ငြီးငွေ့စွာနေလိုက်ပါ။
၁၉။ စိတ်ဖိစီးအားကို လျော့ချပေးပါ။
၂၀။တစ်ပတ်တစ်ကြိမ် စိတ်ရောကိုယ်ပါ စာရေးပါ။
၂၁။မိမိကိုယ်ကို အဆုံးတွက်ကြည့်ပါ။
၂၂။ဘ၀ဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်ပါ။
၂၃။ရွေှ့ဆိုင်းသောနည်းကို စမ်းသပ်ကြည့်ပါ။
၂၄။ကျေးဇူးတင်ရမည့်သူတစ်ဦးဦးကို သတိရဖို့ နေ့စဉ်အချိန်ပေးပါ။
၂၅။မသိကျွမ်းသူများကို ပြုံးပြနှူတ်ဆက်ပါ။
၂၆။နေ့စဉ် တိတ်ဆိတ်ချိန် သတ်မှတ်ပါ။
၂၇။ကိုယ့်ဘ၀ထဲဍ္ဍ် ကလေးငယ်များနှင့် ရာကျော်များ ၇ှိကြောင်းတွေးထင်ကြည့်ပါ။
၂၈။နားလည်အောင် ပထမကြိုးစားပါ။
၂၉။ကောင်းစွာနားထောင်သူဖြစ်ပါစေ။
၃၀။တိုက်ပွဲဝင်ရန်ညဏ်အမြော်အမြင်သုံးပါ။
၃၁။ကိုယ့်စိတ်ထားကို သတိပြုပါ။မနိမ့်ကျပါစေနှင့်။
၃၂။ဘ၀ဆိုသည်မှာ သွေးတိုးစမ်းမှုသက်သက်သာ
၃၃။ချီမွမ်းခြင်းနှင့် ပြစ်တင်ခြင်းတို့ မခြားနား
၃၄။ကြုံကြိုက်သလိုစေတနာဖြင့်ကူညီပါ။
၃၅။လူအကျင့်စရိုက်ကိုကျော်ကြည့်ပါ။
၃၆။အပြစ်ကင်းစင်မှုကို ရှောင်ကြည်ပါ။
၃၇။မှန်ကန်ခြင်းထက် စာနာခြင်းကို ရွေးပါ။
၃၈။သင်မည်မျှ မေတ္တာထားကြောင်းလူသုံးဦးအားယနေ့ပြောလိုက်ပါ။
၃၉။နှိမ့်ချမူကို အလေးအထပြုပါ။
၄၀။ဘယ်သူ့အလှည့်လည်းဟုမမေးပါနှင့်၊ကိုယ်တိုင်လုပ်လိုက်ပါ။
၄၁။အပြစ်အနာရှာခြင်းရှောင်ပါ။
၄၂။မေတ္တာထားရမည့်သူကို ရှာဇွေစဉ်းစားရန် နေ့စဉ်းအချိန်ပေးပါ။
၄၃။ကိုယ်တိုင် မနုသာဗေဒ ပညာ၇ှုင်တစ်ဦးဖြစ်စေဖို့။
၄၄။သီးခြားလက်တွေ့ အခြေအနေများကို နားလည်ပါ။
၄၅။ကူညီတတ်သောအလေ့အထဖွံဖြိုးပါစေ။
၄၆။နေ့စဉ်အနည်းဆုံးတစ်ယောက်ယောက်ကို နှစ်သက်ချီမွမ်းကြောင်ပြောပါ
၄၇။ကိုယ်အတိုင်းအဆအကန့်အသတ်များကို.ယိုးမယ်မဖွဲ့သင့်။
၄၈အရာရာသည်ဖန်တီရှင်ရဲ့လက်ရာပါဝင်နေကြောင်း အမှတ်ရပါ။
၄၉။ဝေဖန်လိုစိတ်ကို သတိပြုပါ။
၅၀။အစွဲကြီးနေသော အချက်(၅)ချက်ကို စွန့်လွှတ်နိုင်မလား ၊ရေးချကြည့်ပါ။

Read More...

လိုက်နာကျင့်သုံးစရာ ... ဗုဒ္ဓအဆုံးအမများ

မှတ်သားဖွယ်ရာများ

လူမိုက်လက္ခဏ
-ပစ္စုပ္ပုန် .သံသရာ ကျိုးနှစ်ဖြာကို ပညာမျက်စိဖြင့် မကြည့်တတ်ခြင်း
-ကိုယ်နှုတ် နှလုံး(၃)ပါးကို မစောင့်ထိန်းတတ်ခြင်း
-နေ့၊ညမရွေးဘဲ အကုသိုလ် စရိုက်တို့ကို ကျူးလွန်လေ့ရှိခြင်းတို့မှာ ဗာလ ခေါ် လူမိုက်လက္ခဏများ ဖြစ်၏

ပူဇော်ထိုက်သူများ

၁ ဘုရား
၂ ပစ္စေက ဗုဒ္ဗါ
၃ သံဃ
၎ မိဘနှစ်ဖြာ
၅ ဆရာ
၆ ဂုဏ်ကြီးသူ
၇ အသက်ကြီးသူ
၈ ရဟန္တာ

သင့်တင့်လျောက်ပတ်သောပတိရူုပ အရပ်ဒေသ ဟူသည်

-သာသနာထွန်းကားသောအရပ်
-လွယ်လင့်တကူ ပညာသင်ယူနိုင်သောအရပ်
-ဆေးကောင်း၊သမားကောင်းရှိသောအရပ်
-လွယ်ကူစွာ ပစ္စည်းဥစ္စာရှာနိုင်သောအရပ်

ဗဟုသုတ(၃)မျိုး

၁-ဒေသန္တရ- တိုင်းပြည်၊ဒေသ ရပ်ရွာ ဗဟုသုတ
၂-ဘာသန္တရ ဘာသာအမျိုးမျိုးပြောနိုင်ခြင်း ဗဟုသုတ
၃-ဂန္တန္တရ ကျန်းဂန်အမျိုးအမျိုးတတ်မြောက်ခြင်း ဗဟုသုတ

အကြားအမြင်များသော ပညာရှိ(၃)မျိုး

ဗဟုသုတ များသော အကြားအမြင်ရှိသူ
သုတဓရ အကြားအမြင်ရွက်ဆောင်တတ်သူ
သုတသန္ဒိဧယ အကြားအမြင် ကို စုဆောင်းပြီးရှိသူ

အကြောင်းသုံးပါညီစကား

ဒုဗ္ဘာသိတာ အကောင်းသော စကားမဖြစ်စေရ
အန၀ဇ္ဇ ရာဂစသော အပြစ်မှကင်းရှင်းရမည်
အနိန္ဒ၀ဇ္ဖာ ပညာရှိတို့ကဲ့ရဲ့ခြင်းမှလွတ်ကင်းခြင်းရှိရမည်

စကားအရာလေးဖြာ

တရားနှင့်ပတ်သတ်သောစကားပြောရမည်။
တရားနှင့်ကင်းကွာသော စကားမပြောဘဲနေရမည်။
ချစ်ဖွယ်ရာ စကားဆိုရမည်။
ဟုတ်မှန်သော စကားကို ပြောဆိုရမည်

စကားခြောက်ခွန်း

(၁)ဟုတ်လည်း မဟုတ် ။သူလည်းမနာလို ။အကျိုးမရှိစကား
(၂)ဟုတ်၏။သူကားမနာလို။အကျိုးမရှိစကား
(၃)မဟုတ်။အကျိုးမရှိ ။သူကနာလို၏
(၄)ဟုတ်၏။နာလို၏။အကျိုးမရှိ
(၅)ဟုတ်၏။အကျိုးရှိ၏။သူကားမနာလို
(၆)ဟုတ်၏။အကျိုးရှိ၏။သူလည်းနာခံလို၏
အမှတ်စဉ် (၅) နှင့် (၆) အား လိုက်နာသင့်၏

မယား(ရ)မျိုး

၁ အမေနဲ့တူသောမယား
၂ နှမ ။အမ နှင့်တူသော မယား
၃ ကျွန်မနှင့်တူသော မယား
၎ သခင်နှင့်တူသောမယား
၅ ခိုးသူနှင့်တူသောမယား
၆ သူသတ်နှင့် တူသောမယား
ရ မိတ်ဆွေနှင့်တူသောမယား


အပြစ်ကင်းသော လုပ်ငန်းများ

ဥပုပ်သီလ စောင့်တည်ခြင်း
သစ်သီး။ပန်းမန်စိုက်ပျိုးခြင်း
ရေတွင်း။ရေကန်တူးဖော်ခြင်း
တံတားဆောက်ခြင်း။လမ်းခင်းခြင်း
ကံသုံးပါကို ထိန်းသိမ်းစောင့်ေ၇ှာက်ခြင်း

ဂါရ၀ နှင့် နိဝါတ

ဂါရ၀ = အရိုအသေပြုခြင်း
နိဝါတ = မိမိကိုယ်ကို မာန်မာန နှိမ့်ချခြင်း

သည်းခံခြင်းအကျိုး

လူအများချစ်ခင်ခြင်း
ရန်ငြိမ်းအေးခြင်း
အပြစ်နည်းခြင်း (နတ်တို့ချစ်ခင်ခြင်း)
မတွေဝေပဲသေရခြင်း
သူဂတိဘ၀သို့ရောက်ခြင်း

မင်္ဂလာတရားနှင့်အညီ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေ။

/~မေခ~/


Read More...

ပန်းများရဲ့ ရာဇ၀င်

ပန်းများရဲ့ သဘာဝလေးကို လေ့လာချင်ရင်တော့


၁. ကံကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်

၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်

၃. ခတ်တာပန်း =အားငယ်သူမို့ညှာတာပါ

၎. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်

၅. ခေါင်းလောင်းပန်း =အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ်

၆. ဂန်နမာဖြူ = ငြိမ်းချမ်းပါစေ

၇. ဂန်နမာဝါ = သတိရနေမယ်

၈. ခရေပန်း = Don't forget me

၉. ဂမုန်းပန်း = မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေရသူပါ

၁၀. စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်

၁၁. ဆပ်သွားဖူးပန်း = သစ်စာမရှိတဲ့သူအတွက် ၀မ်းနည်းတယ်

၁၂. ဆောင်တော်ကူးပန်း =မင်းကြောင့်ကိုယ့်မှာရူးပြီ

၁၃. ဆယ့်နှစ်ရာသီပန်း =ရိုးသားဖြူစင်ခြင်း

၁၄. ညမွှေးပန်း = အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်

၁၅. ဒေလီယာပန်း =မကြာခင်မှာဆုံတွေ့ကြရအောင်

၁၆. ဒန်းပန်း = ဘ၀ကိုအရှုံးမပေးပါနဲ့

၁၇. ဒေါနပန်း = တို့တစ်တွေခွဲခွာကြစို့

၁၈. နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ

၁၉. နှင်းဆီပန်း = မင်းကို ငါချစ်တယ်

၂၀. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်

၂၁. ပိတောက်ပန်း = မင်းဟာကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ

၂၂. ပျားခတ်ပန်း = မင်းဟာ ဒီပန်းလေးလို လှသူတစ်ယောက်ပါ

၂၃. ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ကြေကွဲအားငယ်ခြင်း

၂၄. မြတ်လေးပန်း = ဇွဲသတ်တိရှိခြင်း

၂၅. မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း

၂၆.သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့

၂၇. သစ်ခွပန်း = ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း

၂၈. သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ

၂၉. သံလွင်ပန်း = အောင်မြင်ခြင်း ဂုဏ်ပြုခြင်း

၃၀. ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်

၃၁. ၀ိုင်အိုလက်ပန်း = မျှော်လင့်သလိုဖြစ်လာပါစေ

၃၂. အုန်းပန်း = ကံကောင်းခြင်း
အဲ့ဒါလေးက ဘယ်သူ့ဆီကလည်းမသိဘူး ကူးယူခဲ့တာ သဘောကျလို့ ပန်းလေးတွေကို နာမည် နဲ့ တွဲပြီးပေးထားတာ သဘာဝကျတယ် ထပ်ဆင့်ပွားပြီး ပို့လိုက်တယ် နော် ကူး.ယူလိုရင် ကူးထား လို့ရအောင် မျှဝေလိုက်တယ်နော် သူငယ်ချင်းတို့ အတွက်....♥
/~မေခ ~/

Read More...

Tuesday 29 January 2008

အလည်တစ်ခေါက် အရောက်လာရင်.....

သူငယ်ချင်းလေးတို့...လာလည်ရတာမောပြီလား
အမောလေးပြေစေဖို့......ကော်ဖီလေးသောက်ကြစို့ ☺



ကော်ဖီသောက်ချင်သူတွေအတွက် စပယ်ရှယ်လုပ်ထားတာနော်
ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်နော် ...

ပုံစံအမျိုးမျိုးလေးပေါ့နော်...သောက်ချင်စဖွယ်ဖြစ်အောင်
ဖွယ်ဖွယ်ရာရာလေး ပေါ့



ဒါလေးက ကော်ဖီမကြိုက်သူတွေအတွက်ပေါ့နော်.... ..ဗိုက်ဆာနေသူတွေအတွက်ရောပေါ့နော်


ကော်ဖီအေးလေးနော်......


ချိုချိုမြမြလေးသောက်ချင်ရင်တော့ ဒီကိုလာ...


အေးအေးလေးမှသောက်ချင်သူများအတွက်
စတော်ဘယ်ရီဆိုတော့ ချစ်သဲရှင်လေး ရှာရင်းသောက်ကြပေါ့နော် ...........☺

အ၀သောက်ကြနော် အားမနာနဲ့သိလား

ဒီလောက်ဆို ကျေနပ်လောက်ပြီထင်တယ်နော်
နောက်လည် လာလည်အုံးနော် ဒီထက်ပိုပြီး စုံစုံလင်လင်ကျွေးမွေးအုံးမယ်
/~မေခ~/

Read More...

Tuesday 15 January 2008

ီDon't forget me ♠

ပန်းခရေ
လှမ်းလေကာ..မမျှော်ကိုးရဲပေမယ့်
နွမ်းကြွေမှာတော့ဆိုး

အနွမ်းကြွေ
ဝေဒနာ ဒါဏ်ရာဖြစ်ပြီမို့
ခြေရာမယ့်လမ်းထက်မှာ
အလွမ်းတွေက မိုး...

ခရေပန်း = Don't forget me
မြေမှာခပြီးကြွေခဲ့ရပေမယ့်.. သူ့အနံ့ က တော့ မွှေးဆဲ့ပါ........

Read More...

Monday 14 January 2008

သူတို့မှာလည်း ..အချစ်နဲ့ပါ...



ဖူးစာဆုံရာ သူတို့ကမ္ဘာ

ခွေးမင်္ဂလာဆောင်လေးကြည့်ချင်လားမသိဘူး..... ယတြာ ချေတာဟုတ်ဘူးနော် ....ခွေးလေးတွေမင်္ဂလာဆောင်တာ တင်ရင် ကိုယ်လည်းမင်္ဂလာဆောင်ရတယ် ထင်နေမှာဆိုးလို့ အရင်တင်ခဲ့ရတဲ့ပိုစ်တွေမှာက အဲ့ဒီလိုတွေရေးခဲ့တာများတယ်လေ....ဘာလေးနဲ့ရိုက်ရင် ချစ်သူက သတိရတာတို့ဘာတို့ အဲ့ဒါက အပျော်တင်ခဲ့တာ ...ဒါလေးက ချစ်လို့တင်လိုက်တာ
ဒီဖိုတိုရှိနေတာကြာပြီး ဘယ်သူ့ဆီက ကူးခဲ့မိမှန်းတော့ မမှတ်မိတော့ဘူး ချစ်စရာလေးမို့လို့ ပြီးတော့ အဲ့ဒီခွေးနှစ်ကောင်ကိုကြည့်ကြည့် တစ်ကယ်လိုပဲ ပျော်နေတာပဲ ...တစ်ကယ်လိုပဲနော် .. ချစ်ဖို့ကောင်းတယ် နော် မေခလည်း သဘောကျလို့ တင်ပေးလိုက်တယ်နော် ..... မင်္ဂလာဆောင်ချင်ရင် အရံလုပ်ပေးမယ်တဲ့..... ဟီးဟီး...(မောင်လေးတွေရေ.... ငှားမလား ...)
/~မေခ~/




Read More...

တစ်ခါက အမှတ်တရ



. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်...
ဒါလေးက ပန်းရဲ့  အဓိပ္ပာယ်ကို ဖော်ပြထားတဲ့ ရည်ညွန်းချက်ပေါ့နော် ......
ကျောင်းတတ်တုန်းက သူငယ်ချင်းတွေနဲ့တူတူ မကွေးကို ဘုရားဘူးထွက်တယ် .... သူငယ်ချင်းက ပွင့်ဖြူမြို့နယ် လျှောက်တော ရွာမှာလေ ..သူတို့စိုက်ခင်းနားမှာ နေကြာပန်းတွေအများကြီးပဲ ပွင့်နေတာ ..အရမ်းလည်းလှတယ် အဲ့ဒါနဲ့သူငယ်ချင်းတစ်ယောက်က အဲ့ဒီနေကြာခင်းမှာ ဓါတ်ပုံရိုက်ပြီး ကိုယ်ချစ်တဲ့သူကို ပေးရတယ် တဲ့ ဒါမှကိုယ်ချစ်တဲ့သူနဲ့ရမှာတဲ့ ..အဲ့ဒီလိုအယူတွေက သိပ်ရှိတာနော် ဟီးဟီး... ဒါနဲ့ပဲ သူငယ်ချင်း၆ ယောက်ဖိုတိုတွေ အပြေးအလွှားရိုက်တာပေါ့ .. ဟုတ်သားပဲ အဲ့ဒီဖိုတိုတောင် ဖုံတတ်နေပြီလား မသိဘူး ဘယ်သူ့မှမပေးဖြစ်သလို ဘယ်သူ့မှလည်း မသိဘူး..ပြန်ရှာကြည့်ရအုံးမယ် ဟုတ်သားပဲ ဒီတစ်ခါစမ်းကြည့်လိုက်အုံးမယ် ချစ်တဲ့ သူကို အဲ့ဒီဖိုတိုပေးကြည့်အုံးမယ် ဟဲဟဲ (ရူးခဲ့တာပေါ့နော်ပြောရမယ်ဆို ကျောင်းတတ်ခဲ့တုန်းက )အပျော် လေးပါ..သူငယ်ချင်းတွေနဲ့ဆို လျှောက်လုပ်ခဲ့တာ သတိရရင်း ဒီပိုစ်လေးကို တင်ဖြစ်ခဲ့တာပါ......
/~မေခ~/

Read More...

Tuesday 8 January 2008

မေခ....ဆုတောင်း


ဟိုးငယ်ငယ်လေးတုန်းက ကြယ်လေးတွေကြွေတာမြင်ရင် ဆုတစ်ခုတောင်းရတယ်.... လိုလိုလားလားနဲ့ဆုတစ်ခုတောင်းရင်ပြည့်တယ်လို့ကြားဘူးတယ်...
အဲ့ဒီကတည်းက အမြဲ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကြယ်ကလေးတွေကြွေကြမယ့်အချိန်ကိုကြည့်နေခဲ့တယ်...

ဘယ်အချိန်များကြွေလာမှာလည်းဆိုပြီး ......အမြဲကောင်းကင်ကြီးကို မော့ကြည့်နေခဲ့မိတယ် ...
ကြီးလာတော့ ကောင်းကင်က ကြယ်လေးတွေမဟုတ်ဘူးတဲ့ အဲ့ဒါအစိုင်အခဲတစ်ခု ပဲ့ကြွေကြလာတာတဲ့ ... ဆုတောင်းရင်ပြည့်တယ်ဆိုလို့ မှတ်မှတ်ရရ တက္ကသိုလ်စတက်ရတုန်းက အဆောင်ရဲ့  အခန်းရှေ့မှာ အမှတ်မထင်ကောင်းကင်ကိုမော့ကြည့်နေချိန် ကြယ်ကလေးတစ်လုံးကြွေကြခဲ့တယ် .. စာသင်နေရတဲ့အရွယ်ဆိုတော့ စာမေးပွဲအောင်ဖို့ပဲဆုတောင်းခဲ့တယ် ..
အခုလေ.. ကြယ်တွေ၊လတွေ၊ကောင်းကင်တွေအားလုံကို တိုင်တည်ပြီးဆုတစ်ခုတောင်းကြည့်ချင်တယ် ..
အဲ့ဒီဆုလေးက ပြောပြရမလားဟင်... :)
သူနဲ့ အမြန်ဆုံး ဆုံတွေ့ပါရစေသား... ဆိုတဲ့ အလိုလားဆုံးဆုတစ်ဆုပဲ ...
အားလုံးလည်းကြယ်လေးတွေကြည့်ပြီး ကိုယ်လိုရာဆုတစ်ခုလောက် စိတ်ထဲကဆုတောင်းကြည့်ပါလား....
မယုံကြည်ရင်တောင် စိတ်ရဲ့ထွက်ပေါက်လေးတစ်ခုပေါ့... ဟုတ်ဘူးလား ....

/~ မေခ~/

Read More...