Saturday 19 July 2008

သစ္စ္စာ







♥တစ်ကြိမ်သာဖြစ်သည့် အချစ်သည်
မင်းအတွက် ရည်ပေးခဲ့ပါသည်။

♥တိတ်ဆိတ်သက်ငြိမ် နှလုံးအိမ်လည်း
တည်ငြိမ်မဲ့၍ မင်းတစ်ယောက်ထံ တိမ်းညွတ်ခဲ့ပါပြီ။

♥ဟန်ဆောင်မူကင်း ငါ့ချစ်ခြင်းဖြင့်
မင်းဘ၀ သာယာစေပါမည်။

♥မုသားမပါ ငါ့သစ္စာလျှင်
အမှန်စင်စစ် အချစ်သစ်အား
မင်းထံမှ ရပါစေသည်။

♥ဘ၀ဆုံးတိုင် ပေါင်းနိုင်စေသား
မြတ်ဘုရားထံ တောင်းဆုပန်သည်
မင်းလေးသိစေချင်ပါသည်။

Read More...

Monday 7 July 2008

တစ်ခါက ..ချစ်သူ





ငှက်ကလေးတွေဟာ တသက်စာအတွက်

သီချင်းတပုဒ် ဆိုကြသတဲ့

တို့လည်း ဘ၀ တစ်သက်စာ အတွက်

သီချင်းတစ်ပုဒ် ဆိုပါရစေ

မင်းတစ်ယောက်တည်း ကိုသာချစ်သွားချင်လို့ပါနော်....♥ ♥ ♥


ဒါပေမယ့်.......

တို့လေ သီချင်းတစ်ပုဒ် ထပ်တိုးရမလိုဖြစ်နေပြီ

ချစ်သူကိုလွမ်းတဲ့ အချိန်တိုင်း ဆိုဖို့ သီချင်းတစ်ပုဒ်လေ

မင်းတစ်ယောက်တည်းကို လွမ်းနေဖို့ ပေါ့.... ☺ ☺




Read More...

ချစ်သူ.....



♥ လူလဲမမြင်
♥ အသံလဲမကြား
♥ စာသားအနက်
♥ ပီကာဆိုလျှက်
♥ မြတ်နိုးရတဲ့
♥ ကိုယ့်ချစ်သူရယ်
♥ နေ့စဉ်မပြတ်
♥ မင်းလာရက်ကို
♥ မှန်းရည်မျှော်လျှက်
♥ နေ့စဉ်ရက်ဆက်
♥ တွေ့ချင်လျှက်နဲ
♥ မျှော်လင့်နေဆဲပါ
♥ ချစ်သူရာ ... ☺



Read More...

Thursday 19 June 2008

လူဆိုသည် မှ အဆိုးနှင့်အကောင်း အမြဲဒွန်တွဲလျှက်ရှိသည် ။ဥာဏ်ပညာတွင်လည်း အကောင်းနှင့် အဆိုး ၂ မျိုးရှိသည်။
အကောင်း နှင့်အဆိုး ခွဲခြားသိမြင်မှ ဥာဏ်ပညာ ကြီးမြင့်နိုင်မည် ။

ဥာဏ်ပညာ (၂) မျိုး ရှိရာ အကောင်း ကို လေ့ကျင့်လျှင် ကောင်းသောအလေ့အကျင့်ကို ဘ၀အဆက်ဆက်မှာရ၏
အဆိုးဘက်မှ လေ့ကျင့်ချေက ဘ၀အဆက်ဆက်မှ မကောင်းမူကို ပြုကျင့်လျက် မကောင်းမူ၏ အကျိုးဆက်ကို ရောက်ရာ ဘ၀မှာ ခံရလေသည် ။

အမှန်တကယ် ကြီးပွားချမ်းသာလိုသည့် သူများသည် တစ်စုံတစ်ယောက်၏ ကြီးပွား ချမ်းသာခြင်းကို စောင့်မျှော်မနေ ။တစ်ခြားတစ်ယောက် ဟောပြောဖို့မလိုအောင် မိမိကိုယ်တိုင် နှစ်နှစ်ကာကာ ဟောပြောကာ ဆုံမလုပ်ကိုင်လေသည်။

နိတိကျမ်းကို တတ်သိနားလည် မူ အကြားအမြင်များသော ပညာရှိ ဖြစ်နိုင်၏။ ထို့ကြောင့် လူကောင်းဖြစ်လိုမူ နိတိကျမ်းကို သင်ကြားရ၏ ။

ပညာ၇ှိ အဖြစ်သည် လည်ကောင်း ၊ မင်းအဖြစ်သည်လည်းကောင်း ဂုဏ်ရည်တူညီသည်ဟု မဆိုနိုင်။ စိုးမိုးအုပ်ချူပ်သော မင်းကို မိမိအုပ်စိုးသော တိုင်းနိုင်ငံ ဍ် မြတ်နိုးပူဇော်အပ်၏။

အကြောက်သည် လူ၏ အကြီးဆုံးသော ရန်သူဖြစ်၏။ အကြောင်းမူကား များစွာသော အနိဠာရုံ တို့သည် ကြောင့်ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။

- ကပ်ရောဂါဖြစ်သော အခါ ကြောက်သောသူတွေ အလျင်သေကြလေသည် ။

- မကျမ်းမာ ဖြစ်မှာကို တွေးကြောက်ခြင်းသည် မမာမကျန်းဖြစ်အောင် မိမိကိုယ်ကို ပြုစားခြင်းပင် ဖြစ်လေသည်။

- ဒေါသထွက်ခြင်း ၊မုန်းတီးတတ်သော စိတ်၇ှိခြင်းသည် ကောင်းသော အရည်အချင်းဟူသမျှ ကို ပျက်စီးစေတတ်လေသည် ။

-ရတိုင်းမယူရ ၊ မတရားမယူရ ... လုံခြုံပြီထင်သော မတော်။မတရား မကြံနှင့် ၊မည်သူမျှ မသိဟု မထင်ကာ မရိုးးမသားမလုပ်နှင့် ၊တစ်နေ့တွင် ပေါ်ပေါက်လာပြီး အရှက်ကွဲတတ်သည် .............။

Read More...

Wednesday 18 June 2008

ပျော်ရွင်ချမ်းမြေ့စွာနေလိုလျှင်

ပျော်ရွင်ချမ်းမြေ့စွာနေလိုလျှင်

-တစ်ခါတစ်ရံ အခက်အခဲ ပြသနာများကို စဉ်းစား တွေးတော စိုးရိမ်နေခြင်းသည် တကယ်တမ်းရင်ဆိုင်
ဖြေရှင်းလိုက်ရသည်ထက် ပိုမို စိတ်ဆင်းရဲ စိတ်ညစ်ရတတ်ကြောင်း တွေ့ရှိရသည်။

-ထိပ်တိုက် ရင်ဆိုင်ဖြေရှင်း လိုက်ခြင်းသည်သာ ပျော်ရွင်စွာ နေထိုင်နိုင်ရန်အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

-ပျော်ရွင်ချမ်းမြေ့စွာ တကယ်နေလိုလျှင် စကားကို တတ်နိုင်သမျှ ဆင်ခြင်ပြောဆိုရန် အစဉ်သတိရှိနေသင့်သည်။

-တန်ဖိုးရှိသော အကျိုးရှိသော စကားကို ပြောမှ သာလျှင်သင်သည် တန်ဖိုးရှိသောသူ မိမိနှင့် အများအတွက် အကျိုးရှိသောသူ ဖြစ်လာပေမည်။

-လူအများသည် စကားပြောရာတွင် အလိုလားအပ်သော စကားပေါ့ပေါ့တန်တန် ပင် လွတ်ခနဲ့ ပြောဆိုတတ်ကြသည်။

-ငြင်းခုံခြင်း ၊အတင်းအဖျင်းပြောဆိုခြင်းတို့သည် အကျိုးမဲ့သော စကားများ ဖြစ်သည် ။စင်စစ်အားဖြင့် အငြင်းအခုံပြုလုပ်ရာတွင် မည်သူမှ အနိုင်ရလေမရှိပေ။
မိတ်ဆွေ တစ်ဦးဆုံးရူံး ခြင်းသာ အဖတ်တင်လေသည်။

-သင်သည် လူအပေါင်းတို့၏ ကြည်ညိုလေးစား၊ ချစ်ခင်မူ အစစ်အမှန်ကို ရရှိပြီး ပျော်ရွင်စွာနေလိုလျှင် မည်သည့်အခါမျှ မည်သူနှင့်မျှ ယှဉ်ပြိုင် မငြင်းပါနှင့်။

-နူတ်ကြောင့် သေ..လက်ကြောင့် ကြေ ဆိုသော စကားအတိုင်း စကားကို အစဉ်သတိထားပြောဆိုသင့်ပေသည်။မိမိပြောသော စကားကြောင့် မိမိစိတ်မချမ်းသာ ဖြစ်ရပြီး ပျော်ရွင်စွာ မနေရဘဲ ၇ှိတတ်သည် ကို သတိပြုသင့်ပေသည်။

-ကောင်းသော ၊ မှန်သော ၊ အကျိုးရှိသော စကား တန်ဖိုးရှိမည် ထင်သော စကားကို ပြောမည်ကြံမှ ပါးစပ် ကို ဖွင့်ပါ။

------ စကားကို အကျိုးရှိမယ်ထင်မှ ပြောဆိုပါ ----------။ ။

အားလုံးသော သူငယ်ချင်းမှာ ပျော်ရွင် ချမ်းမြေ့စွာ နေထိုင်နိုင်စေရန် ရည်၇ွယ်ခြင်း ဖြစ်ပါသည် ။ ။



~\ မေခ \~

Read More...

Thursday 29 May 2008

တစ်နေ့နေ့တော့ ....




စွဲလမ်းခြင်းဆိုတာ…
ဟစ်အော်လို့ လှစ်ဖေါ်ကြတာ ရှိသလို
နင့်နေအောင် ရင်ထဲအပြည့်
တိတ်တဆိတ် မျိုသိပ်ပြီး
ဆိတ်ဆိတ်ကလေး လွမ်းနေကြတာလဲ
အများသားပေါ့။

လူဆိုတာ အခက်သား
မပြောဘဲ ဘယ်သိမလဲတဲ့၊
ခံစားမှု တစုံတရာကို
တရားသဘင်မှာ စကားပလ္လင်ခံပြီး
ပြောရမှာလား ရှင်ရယ်…

တိတ်တဆိတ် မင်းအပြုံးတွေ
ကြိတ်ကြည့်တတ်သူ တယောက်ကို
မင်းတနေ့ ဖမ်းမိခဲ့ရင်တော့
ရင်ထဲက မပြောဖြစ်တဲ့ စကားတွေကို
မင်းတချက်လောက်တော့ ရိပ်မိမှာပါ
တပွေ့တပိုက် မေတ္တာတွေနဲ့
တိတ်တိတ်ကလေး ပြုံးနေသူကို
မင်းတနေ့တော့ ဂရုစိုက်မိမှာပါ ကွာ…


Read More...

Wednesday 28 May 2008

အလိမ္မာ .... စာမှာရှိ

မမေးခင် စဉ်းစားပါ။ မဖြေခင်စဉ်းစားပါ။ မပြောခင်စဉ်းစားပါ။ ပြောပြီးလျှင် ပြင်၍မရ။


လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။


လူတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုရဲ့အကြောင်းကို အကောင်းပြောစရာမရှိလျှင် ဘာမှမပြောတာ အကောင်းဆုံး။


သူတပါးစကားကို အာရုံစိုက်နားထောင်ပါ၊ တစ်ဖက်သား စိတ်ဝင်စားမယ့် အကြောင်းရပ်ကိုပြောပါ၊ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောပါနှင့်။


စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကြည်ပါ၊ သူတပါးစကား ကြားဖြတ်မပြောနှင့်။


စကားကို အတိုင်းအဆနှင့်သာ ဆင်ဆင်ခြင်ခြင် ပြောသင့်သည်။ အလျှင်စလို ပြောခြင်းသည် အမှားများ၍ ဆင်ခြင်သင့်ပါသည်။ နေ့စဉ်သုံး စကားများကိုပင် အလျှင်စလို မပြောမိအောင် သတိထားသင့်သည်။


စကားဝိုင်းတွင် အလုအယက် ပြောတတ်သူများသည် သူတပါးထံမှ အကြံကောင်း၊ ဥာဏ်ကောင်း၊ အချက်အလက်ကောင်းများကို ရနိုင်သော အခွင့်အလမ်း ဆုံးရှုံးသည်။


စကားများများပြောသူကို လူအထင်သေးသည်။


အသေအချာမသိသော အကြောင်းအရာကို မပြောပဲနေသည်က ပိုကောင်းသည်။


ဒေါသထွက်လာလျှင် ဒေါသအရှိုန်မတက်မှီ ဘုရားဂုဏ်တော်ကို ကြည်ညိုရိုသေစွာ အာရုံပြုလိုက်ပါ။


အခါအားလျှော်စွာ ချီးမွမ်းစကားပြောဆိုပါ။


ပညာရှိတို့သည် အချင်းချင်း ချီးကျူးနေကြသည်။


ချီးကျူးစကားသည် ပေါင်းသင်းဆက်ဆံကိုလည်း အဆင်ပြေချောမွေ့စေသည်။ ချီးကျူသူကို ချီးကျူးခံရသူက ခင်မင်နှစ်လိုသည်။


ချီးမွမ်းစကားသည် လူ၏နှလုံးသားအတွက် နေရောင်ခြည်နှင့်တူသည်။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင် မရှင်သန်နိုင်။


အဆွေခင်ပွန်းချင်းရင်းနှီးစွာဖြင့် ချီးမွမ်းစကားတွေ အပြန်အလှန် ပြောကြဆိုကြတာဟာ ပျော်စရာကစားနည်းတစ်မျိုးပဲ။


လောလောဆယ် သင်တွေ့ဆုံနေရသည့် လူတွေအကြောင်း တစေ့တစောင်း သိထားဖူးသည်ဆိုက၊ ၎င်းလူနှင့်ပတ်သက်သည့် ချီးမွမ်းစရာအချက် တစ်စုံတစ်ရာကို ရည်ညွန်းကာ စကားစတင်မည်ဆိုက အဆင်ပြေနိုင်သော သဘောရှိသည်။


သူဘာစိတ်ဝင်စားလဲ သိအောင်စူးစမ်း၊ သဲလွန်စရှာ၊ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ကျွမ်းကျင်သူချည်းပဲ၊ အရေးကြီးတာက အဲဒီအချက်ကို နိုက်မိဖို့ပဲ၊ စမ်းကြည့်ပါလား။


မကူညီနိုင်လျှင် မကူညီနိုင်ကြောင်းပြောရန် ၀န်မလေးပါနှင့်။ အလွယ်တကူတာဝန်မခံသင့်။
မလိုအပ်သော စကားများကို အပိုမပြောမိစေရန်ဆင်ခြင်ပါ။


အပ်ကြောင်းထပ်စကား ခွန်အားမရှိ။

ထောင်တန်တဲ့စကား ရယ်ရင်ပေါ့။ သူ့နေရာနဲ့သူသာ ရယ်စရာပြောသင့်သည်။


သူတပါးကို ထိခိုက်နစ်နာစေသော ဟာသမှန်သမျှ သတိထား၍ရှောင်ရှားပါ။


လူထုပရိသတ်ကို ဟောပြောရာတွင် ရယ်စရာပြောလျှင် ပရိသတ်ရယ်ချိန်မှာ ကိုတိုင်မရယ်မိစေရန် သတိထားပါ။ စကားပြောရင်းမရယ်သင့်ပါ။ ရယ်ရင်းနှင့်လည်း စကားမပြောသင့်ပါ။


အလွန်ရင်းနှီးသော မိတ်ဆွေများနှင့် ဆက်ဆံမှုတွင် လွတ်လပ်မှု လွန်ကဲလာသည့်အခါ ပရမ်းပတာတွေဖြစ်လာပြီး ဒုက္ခရောက်တက်ပါသည်။


မိတ်ဆွေတွေကို မိမိ၏ အတွင်းရေးများကို မိမိဘာသာ အလွန်အကျွန်ဖွင့်ပြောမိလျှင် နောင်ကျမှ တစိမ့်စိမ့်တွေးကာ အဲသည်လူကို မကျေနပ်သလိုလို၊ ရှက်သလိုလို၊ မကျေနပ်ချင်သလိုလို ခံစားရတက်သည်။


ဧည့်ခံပွဲတွေမှာ လူတိုင်းက ကိုယ့်လိုပဲ ဘာလုပ်ရမှန်းမသိ ကသိကအောက် ဖြစ်နေကြတာ၊ အဲဒီချိန် လူတစ်ယောက်ကို ဖမ်းနုတ်ဆက်လိုက်၊ အဲသည်လူ ၀မ်းသာသွားလိမ့်မယ်။



/~~မေခ~~/

Read More...