Tuesday 8 January 2008

မေခ....ဆုတောင်း


ဟိုးငယ်ငယ်လေးတုန်းက ကြယ်လေးတွေကြွေတာမြင်ရင် ဆုတစ်ခုတောင်းရတယ်.... လိုလိုလားလားနဲ့ဆုတစ်ခုတောင်းရင်ပြည့်တယ်လို့ကြားဘူးတယ်...
အဲ့ဒီကတည်းက အမြဲ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကြယ်ကလေးတွေကြွေကြမယ့်အချိန်ကိုကြည့်နေခဲ့တယ်...

ဘယ်အချိန်များကြွေလာမှာလည်းဆိုပြီး ......အမြဲကောင်းကင်ကြီးကို မော့ကြည့်နေခဲ့မိတယ် ...
ကြီးလာတော့ ကောင်းကင်က ကြယ်လေးတွေမဟုတ်ဘူးတဲ့ အဲ့ဒါအစိုင်အခဲတစ်ခု ပဲ့ကြွေကြလာတာတဲ့ ... ဆုတောင်းရင်ပြည့်တယ်ဆိုလို့ မှတ်မှတ်ရရ တက္ကသိုလ်စတက်ရတုန်းက အဆောင်ရဲ့  အခန်းရှေ့မှာ အမှတ်မထင်ကောင်းကင်ကိုမော့ကြည့်နေချိန် ကြယ်ကလေးတစ်လုံးကြွေကြခဲ့တယ် .. စာသင်နေရတဲ့အရွယ်ဆိုတော့ စာမေးပွဲအောင်ဖို့ပဲဆုတောင်းခဲ့တယ် ..
အခုလေ.. ကြယ်တွေ၊လတွေ၊ကောင်းကင်တွေအားလုံကို တိုင်တည်ပြီးဆုတစ်ခုတောင်းကြည့်ချင်တယ် ..
အဲ့ဒီဆုလေးက ပြောပြရမလားဟင်... :)
သူနဲ့ အမြန်ဆုံး ဆုံတွေ့ပါရစေသား... ဆိုတဲ့ အလိုလားဆုံးဆုတစ်ဆုပဲ ...
အားလုံးလည်းကြယ်လေးတွေကြည့်ပြီး ကိုယ်လိုရာဆုတစ်ခုလောက် စိတ်ထဲကဆုတောင်းကြည့်ပါလား....
မယုံကြည်ရင်တောင် စိတ်ရဲ့ထွက်ပေါက်လေးတစ်ခုပေါ့... ဟုတ်ဘူးလား ....

/~ မေခ~/

No comments: