Wednesday 18 June 2008

ပျော်ရွင်ချမ်းမြေ့စွာနေလိုလျှင်

ပျော်ရွင်ချမ်းမြေ့စွာနေလိုလျှင်

-တစ်ခါတစ်ရံ အခက်အခဲ ပြသနာများကို စဉ်းစား တွေးတော စိုးရိမ်နေခြင်းသည် တကယ်တမ်းရင်ဆိုင်
ဖြေရှင်းလိုက်ရသည်ထက် ပိုမို စိတ်ဆင်းရဲ စိတ်ညစ်ရတတ်ကြောင်း တွေ့ရှိရသည်။

-ထိပ်တိုက် ရင်ဆိုင်ဖြေရှင်း လိုက်ခြင်းသည်သာ ပျော်ရွင်စွာ နေထိုင်နိုင်ရန်အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

-ပျော်ရွင်ချမ်းမြေ့စွာ တကယ်နေလိုလျှင် စကားကို တတ်နိုင်သမျှ ဆင်ခြင်ပြောဆိုရန် အစဉ်သတိရှိနေသင့်သည်။

-တန်ဖိုးရှိသော အကျိုးရှိသော စကားကို ပြောမှ သာလျှင်သင်သည် တန်ဖိုးရှိသောသူ မိမိနှင့် အများအတွက် အကျိုးရှိသောသူ ဖြစ်လာပေမည်။

-လူအများသည် စကားပြောရာတွင် အလိုလားအပ်သော စကားပေါ့ပေါ့တန်တန် ပင် လွတ်ခနဲ့ ပြောဆိုတတ်ကြသည်။

-ငြင်းခုံခြင်း ၊အတင်းအဖျင်းပြောဆိုခြင်းတို့သည် အကျိုးမဲ့သော စကားများ ဖြစ်သည် ။စင်စစ်အားဖြင့် အငြင်းအခုံပြုလုပ်ရာတွင် မည်သူမှ အနိုင်ရလေမရှိပေ။
မိတ်ဆွေ တစ်ဦးဆုံးရူံး ခြင်းသာ အဖတ်တင်လေသည်။

-သင်သည် လူအပေါင်းတို့၏ ကြည်ညိုလေးစား၊ ချစ်ခင်မူ အစစ်အမှန်ကို ရရှိပြီး ပျော်ရွင်စွာနေလိုလျှင် မည်သည့်အခါမျှ မည်သူနှင့်မျှ ယှဉ်ပြိုင် မငြင်းပါနှင့်။

-နူတ်ကြောင့် သေ..လက်ကြောင့် ကြေ ဆိုသော စကားအတိုင်း စကားကို အစဉ်သတိထားပြောဆိုသင့်ပေသည်။မိမိပြောသော စကားကြောင့် မိမိစိတ်မချမ်းသာ ဖြစ်ရပြီး ပျော်ရွင်စွာ မနေရဘဲ ၇ှိတတ်သည် ကို သတိပြုသင့်ပေသည်။

-ကောင်းသော ၊ မှန်သော ၊ အကျိုးရှိသော စကား တန်ဖိုးရှိမည် ထင်သော စကားကို ပြောမည်ကြံမှ ပါးစပ် ကို ဖွင့်ပါ။

------ စကားကို အကျိုးရှိမယ်ထင်မှ ပြောဆိုပါ ----------။ ။

အားလုံးသော သူငယ်ချင်းမှာ ပျော်ရွင် ချမ်းမြေ့စွာ နေထိုင်နိုင်စေရန် ရည်၇ွယ်ခြင်း ဖြစ်ပါသည် ။ ။



~\ မေခ \~

No comments: