. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်...
ဒါလေးက ပန်းရဲ့  အဓိပ္ပာယ်ကို ဖော်ပြထားတဲ့ ရည်ညွန်းချက်ပေါ့နော် ......
ကျောင်းတတ်တုန်းက သူငယ်ချင်းတွေနဲ့တူတူ မကွေးကို ဘုရားဘူးထွက်တယ် .... သူငယ်ချင်းက ပွင့်ဖြူမြို့နယ် လျှောက်တော ရွာမှာလေ ..သူတို့စိုက်ခင်းနားမှာ နေကြာပန်းတွေအများကြီးပဲ ပွင့်နေတာ ..အရမ်းလည်းလှတယ် အဲ့ဒါနဲ့သူငယ်ချင်းတစ်ယောက်က အဲ့ဒီနေကြာခင်းမှာ ဓါတ်ပုံရိုက်ပြီး ကိုယ်ချစ်တဲ့သူကို ပေးရတယ် တဲ့ ဒါမှကိုယ်ချစ်တဲ့သူနဲ့ရမှာတဲ့ ..အဲ့ဒီလိုအယူတွေက သိပ်ရှိတာနော် ဟီးဟီး... ဒါနဲ့ပဲ သူငယ်ချင်း၆ ယောက်ဖိုတိုတွေ အပြေးအလွှားရိုက်တာပေါ့ .. ဟုတ်သားပဲ အဲ့ဒီဖိုတိုတောင် ဖုံတတ်နေပြီလား မသိဘူး ဘယ်သူ့မှမပေးဖြစ်သလို ဘယ်သူ့မှလည်း မသိဘူး..ပြန်ရှာကြည့်ရအုံးမယ် ဟုတ်သားပဲ ဒီတစ်ခါစမ်းကြည့်လိုက်အုံးမယ် ချစ်တဲ့ သူကို အဲ့ဒီဖိုတိုပေးကြည့်အုံးမယ် ဟဲဟဲ (ရူးခဲ့တာပေါ့နော်ပြောရမယ်ဆို ကျောင်းတတ်ခဲ့တုန်းက )အပျော် လေးပါ..သူငယ်ချင်းတွေနဲ့ဆို လျှောက်လုပ်ခဲ့တာ သတိရရင်း ဒီပိုစ်လေးကို တင်ဖြစ်ခဲ့တာပါ......
/~မေခ~/
Monday, 14 January 2008
တစ်ခါက အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment